တော်လှန်ရေး အမြန်ဆုံး အောင်မြင်စေရန် NUG ယာယီသမ္မတနှင့် KNUဥက္ကဋ္ဌ ဆွေးနွေး

တော်လှန်ရေး အမြန်ဆုံး အောင်မြင်စေရန် NUG ယာယီသမ္မတနှင့် KNUဥက္ကဋ္ဌ ဆွေးနွေး

Price:

Description


မောင်ခက်နွေ

မဇ္ဈိမ။ ။ နွေဦးတော်လှန်ရေး အမြန်ဆုံး အောင်မြင်စေရန်အတွက် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ယာယီသမ္မတဒူဝါလရှီးလနှင့် ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌ ပဒိုကွယ်ထူးဝင်းတို့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်းထုတ်ပြန်သည်။

ယမန်နေ့ (စက်တင်ဘာ ၂၅) ညပိုင်းတွင် NUG ယာယီသမ္မတနှင့် KNU ဗဟိုက သတင်းထုတ်ပြန် အသိပေးခဲ့ခြင်းဖြစ်ပြီး တော်လှန်ရးအင်အားစုများကြား ပူးပေါင်း လက်တွဲ လုပ်ဆောင်သွားမည့် ကဏ္ဍများကို အကျယ်တဝင့် ဆွေးနွေးခဲ့ကြကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

“တော်လှန်ရေးအင်အားစုတွေအကြား အခုထက် ပိုစည်းလုံးညီညွတ်စွာ လက်တွဲပြီး မြန်မာနိုင်ငံ စစ်အာဏာရှင်လက်အောက်က အပြီးတိုင် လွတ်မြောက်ရေး၊ စစ်အာဏာရှင်နဲ့ အာဏာရှင်ဟူသမျှ အမြစ်ပြတ်တိုက်ဖျက်ရေး” စသည်တို့ကို အတူ လက်တွဲ ဆောင်ရွက်သွားကြရန်လည်း ခေါင်းဆောင်နှစ်ဦး သဘောတူခဲ့ကြသည်ဟု ဆိုသည်။

ထို့အပြင် လွတ်လပ်မှု၊ ငြိမ်းချမ်းမှုနှင့် လူထုသာယာဝပြောမှုတို့ကို ဖော်ဆောင်နိုင်ရေး ဆက်လက်ပြီး ခိုင်မာစွာ အတူလက်တွဲ ဆောင်ရွက်သွားကြဖို့လည်း ခေါင်းဆောင်နှစ်ဦး သဘောတူခဲ့သည်ဟု ထိုထုတ်ပြန်ချက်တွင်ပါရှိသည်။

စာတည်း – သန့်ဇော်(သန်လျင်)

0 Reviews